စျေးနှုန်းမူဝါဒ
MEDiCARE ၏ထုတ်ကုန်စျေးနှုန်းများသည် ၀က်ဘ်ဆိုက်တွင်မှန်ကန်ကြောင်းသေချာစေရန် လုပ်ဆောင် လျက် ရှိပြီး ချက်ချင်းမှာယူသည့်အခါ ဝက်ဘ်ဆိုက်တွင် သက်မှတ်ထားသော စျေးနှုန်းများဖြင့်သာ ရောင်းချလျက်ရှိပါသည်။
အထူးသဖြင့် promotion ကာလ အစ နှင့် အဆုံးတွင် စျေးနှုန်းများသည် နေ့ချင်း ညချင်း ပြောင်းလဲနိုင်ပါ သဖြင့် စျေးဝယ်သူများအနေဖြင့် ၀က်ဘ်ဆိုဒ်ကို ကြည့်ရှု ပြီးနောက် တစ်ရက် သို့မဟုတ်နှစ်ရက်အတွင်း Medicare ဆိုင်များတွင် ၀ယ်ယူလိုပါက မူရင်းစျေးနှုန်းအား သေချာစွာ စစ်ဆေးပြီး ဝယ်ယူအားပေးနိုင်ပါတယ်ရှင်။
ပစ္စည်းတန်ဖိုးများသည် အခွန် ပါဝင်ပြီးဖြစ်ပါသည်။
Promotion မူဝါဒ
Medicare တွင် လစဉ် ပို၍သက်သာသော အထူးလျော့စျေးများဖြင့် ကုန်ပစ္စည်းများအား စတိုးများ နှင့် ဝက်ဘ်ဆိုက်တွင် ရောင်းချလျက်ရှိပါသည်။ ထို့ကြောင့် စျေးဝယ်သူများအနေဖြင့် promotion ကုန်ဆုံးရက်အား ကြည့်ရှုစစ်ဆေးပြီး promotion ကာလအတွင်း ပိုမိုစျေးသက်သာစွာဖြင့် ဝယ်ယူနိုင်ပါသည်။ ပစ္စည်းအများစုသည် မူရင်းစျေးနှုန်းသို့ promotion ကုန်ဆုံးရက်တွင် ပြန်လည်ရောက်ရှိသွားမည်ဖြစ်ပါသည်။
ပစ္စည်းများ၏ စျေးလျော့ပြီး စျေးနှုန်းများအောက်တွင် ပစ္စည်း၏ မူလတန်ဖိုးကို စတိုးဆိုင်များနှင့် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားပါသည်။ နှစ်စဉ် SALE promotion ကာလအတွင်း တစ်ခါတစ်ရံ ကုန်အမှတ်တံဆိပ်တစ်ခုလုံး (သို့မဟုတ်) အမျိုးအစားတူကုန်ပစ္စည်းအားလုံးကို ၃၀ ရာခိုင်နှုန်းလျှော့စျေးဖြင့် ရောင်းချပေးပါသည်။ စျေးဝယ်သူများအနေဖြင့် ကုန်ပစ္စည်း ဝယ်ယူသောအခါ ဖော်ပြပါ လျှော့စျေး အကျုံးဝင်ကြောင်းကို ပြေစာတွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားကြောင်း တွေ့မြင်နိုင်ပါသည်။
တစ်ခါတစ်ရံ MEDiCARE သို့ကုန်ပစ္စည်းပေးသွင်းသူများသည် စျေးဝယ်သူများအတွက် ပို၍ထူးခြားသော အစီအစဉ်များ ဆောင်ရွက်ပေးပါသည်။ ဥပမာအနေဖြင့် ထပ်တိုးလက်ဆောင်များ ၊ အပို ၂၀ ရာခိုင်းနှုန်း အထူးလျှော့စျေးများ သို့ ကံစမ်းမဲ အစီစဉ်များ။ စျေးဝယ်သူများအနေဖြင့် တူညီသောထုတ်ကုန် ဝယ်ယူမှုများအတွက် MEDiCARE ပရိုမိုးရှင်းများအပြင် ဤကဲ့သို့အထူးအစီအစဉ်များကိုပါ ခံစားနိုင်ပါသည်။
ထိုကဲ့သို့သော အထူးအစီအစဉ်များအား ရံဖန်ရံခါတွင် သက်မှတ်ထားသော စျေးဝယ်သူအရေအတွက်သာ ခံစားခွင့်ရှိပါသည်။ဤသည်မှာ ဝယ်လိုအားများသောပစ္စည်းများမှာ အရေအတွက်အကန့်အသတ်ရှိသဖြင့် ဝယ်သူသူအားလုံးညီမျှစွာဝယ်ယူနိုင်ရန်အတွက်သာဖြစ်ပါသည်။ ဥပမာ အနေဖြင့် ကမ္ဘာ့ကပ်ရောဂါကာလအတွင်း face masks များ သို့ လက်သန့်ဆေးရည်များ ဝယ်ယူခြင်း။
ရံဖန်ရံခါ မမျှော်လင့်ထားသော အခြေအနေများကြောင့် ပရိုမိုးရှင်းများ အပြောင်းအလဲရှိနိုင်ပါသဖြင့် ပရိုမိုးရှင်း အပြောင်းအလဲများရှိပါက ၀က်ဘ်ဆိုက်နှင့်စတိုးဆိုင်များတွင် အသိပေးကြောညာသွားမည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက Medicare (သို့မဟုတ်) ဆိုင်ရှိ ဝန်ထမ်းများထံ စုံစမ်းနိုင်ပါသည်။
promotion ကာလအတွင်းတွင် ပါဝင်သောကုန်ပစ္စည်းများအား အလုံအလောက်ရှိစေရန် ကြိုးစားလျက်ရှိပါသည်။ ရံဖန်ရံခါ ကျွန်ုပ်တို့၏ အမှားကြောင့် ( သို့ ) မျှော်လင့်သည်ထက် ပိုစော၍ ရောင်းကုန်သွားသည့်အခါမျိုးရှိပါသည်။
ထိုကဲ့သို့ ဖြစ်ရပ်များတွင် MEDiCARE စတိုးဆိုင်များမှ စျေးဝယ်သူများအား ပြန်လည်ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များကိုမှတ်ယူကာ ကုန်ပစ္စည်းများပြန်ရောက်သည့်အခါ ဆက်သွယ်လိမ့်မည်ဖြစ်ပါသည်။
ကျွန်ုပ်တို့တွင် အကျယ်အဝန်း မတူညီသော စတိုးဆိုင်များစွာရှိပါသည်၊ ထို့ကြောင့် ဆိုင်တိုင်းတွင် ထုတ်ကုန်ပေါင်း ၈၅၀၀ အားလုံးကိုစတိုးဆိုင်များတွင်ရောင်းချရန်မဖြစ်နိုင်ပါ။
အကယ်၍ ဝက်ဘ်ဆိုဒ်တွင်စျေးဝယ်သူများအနေဖြင့် မိမိရွေးချယ် ဝယ်ယူလိုသော ဆိုင်အား ရွေးချယ်ဝယ်ယူခြင်းဖြင့် စျေးဝယ်သူများ စိတ်တိုင်းကျလွယ်ကူလျင်မြန်စွာဝယ်ယူနိုင်ပါသည်။ သို့ရာတွင် အဆိုပါဆိုင်ခွဲ ရှိ တင်ထားသော ကုန်ပစ္စည်းများကိုသာ website တွင် မြင်တွေ့ရမည် ဖြစ်ပါသည်။