စစ်မှန်သော ကုန်ပစ္စည်းများ
Medicare သို့ ကုန်ပစ္စည်းသွင်းသူများအနေဖြင့် မိမိတို့၏ ပစ္စည်းများအား စစ်မှန်မှုရှိခြင်း၊ စိတ်ချ ရခြင်း လက်ရှိသတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ နှင့် ကိုက်ညီမှုရှိကြောင်းကို သက်ဆိုင်ရာ မှ ခွင့်ပြုကြောင်း စာရွက်စာတမ်းများ နှင့် သက်သေပြရန် လိုအပ်ပါသည်။ ပြည်ပမှ သွင်းကုန်များသည် မှတ်ပုံတင် နံပါတ်များနှင့်အတူ ကြိုတင်မှတ်ပုံတင်ထားပြီး သက်ဆိုင်ရာ မှ အတည်ပြု လက်ခံထားသော ဘာသာပြန်ဆိုချက်များပါရှိရမည်။
Medicare ဖြန့်ချိရေး ဌာနများ ၊ စတိုး ဆိုင်များ နှင့် ဆက်သွယ်လုပ်ကိုင်လျက်ရှိသော ဌာန/ အဖွဲ့အစည်း အသီးသီး သည် ဖော်ပြပါ လုပ်ထုံးလုပ်နည်းများ ကို လိုက်နာပြီး နောက် စစ်ဆေးခြင်း ပြုလုပ်ပြီးမှသာ ဆိုင်များ တွင် ခင်းကျင်းရောင်းချ ကြရမည်ဖြစ်သည်။
စျေးဝယ်သူများ ၏ ရပိုင်ခွင့်များ
လုပ်ငန်းတစ်ခုလုံး၏ အဓိကအရင်းမြစ်သည် စျေးဝယ်သူ မိဘပြည်သူများအား အလေးထား အာရုံစိုက်ရန်ဖြစ်ပြီး စျေးဝယ်သူများ၏ မျှော်လင့်ချက်များထက်သာလွန်အောင် ဆောင်ရွက်နိုင်ရန် ဖြစ်ပါသည်။ ခေတ်ရေစီးကြောင်း ၊ လက်တွေကျသောရည်မှန်းချက်များ နှင့် အသစ်အသစ်သော ကုန်ပစ္စည်းများအား ဆိုင်သို့ လည်ပတ် ဝယ်ယူတိုင်းကို စျေးနှုန်းချိုသာစွာဖြင့် ရရှိစေနိုင် ရန် ရောင်းချပေးလျက်ရှိပါသည်။
စျေးဝယ်သူများရပိုင်ခွင့်များအတိုင်း ရရှိစေနိုင်ရန် အစဉ် အမြဲ ကြိုးစားလျက်ရှိပါသည်။
-
- ပစ္စည်းအတုအပလုံးဝ မရှိခြင်း
Medicare သည် တရားဝင် လိုင်စင်ရရှိထားသောကုမ္ပဏီ များမှ စစ်မှန်သော ကုန်ပစ္စည်းများကိုသာ တင်သွင်း ရောင်းချပေးပါသည်။ ကျွန်မတို့သည် ကုန်ပစ္စည်းအတုများကို မစစ်ဆေးဘဲရောင်းချခြင်း မရှိစေရန် တိကျ တင်းကျပ်သောလုပ်ငန်းစဉ်များဖြင့် လုပ်ဆောင်လျက်ရှိပါသည်။ - အရည်အသွေးလတ်ဆတ်သော ထုတ်ကုန်များရှိခြင်း
MEDiCARE သည် သက်တမ်းအရှည်ကြာဆုံးနှင့်အလတ်ဆတ်ဆုံးထုတ်ကုန်ကိုသာရောင်းချရန် တင်သွင်းသူများနှင့်နီးကပ်စွာ လုပ်ကိုင်လျက်ရှိပါသည်။ - ရက်လွန်ပစ္စည်းများအား သိလျက် နှင့် ရောင်းချခြင်းလုံးဝမပြုလုပ်ခြင်း
MEDiCARE သည်ထုတ်ကုန်များသက်တမ်းမကုန်မီရောင်းချခြင်းမှသေချာစေရန် တင်းကျပ်သော လုပ်ထုံးလုပ်နည်းများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ - ဆိုင်သို့လည်ပတ်မှုတိုင်းတွင် ပစ္စည်းသစ်များအားတွေ့ရခြင်း
company ရှိ တင်သွင်းကုန်ပစ္စည်းများ ရှာဖွေသောအဖွဲ့နှင့် ဌာနတစ်ခုလုံးသည် ထူးခြားဆန်းသစ် ပြီး အကောင်းဆုံးသော ကုန်ပစ္စည်းများကို တင်သွင်းနိုင်ရန် အလွန်စိတ်အားထက်လျက်ရှိပါသည်။ကျန်းမာရေး နှင့် အလှအပအတွက်ဖြစ်နိုင်သမျှအကောင်းဆုံးနှင့်အကျယ်ပြန့်ဆုံး ရွေးချယ်စရာများကိုလည်း ရောင်းချပေးလျက်ရှိပါသည်။ - ဆိုင်၏ဝန်းကျင် အသန့်ရှင်းဆုံး ပြုလုပ်ထားခြင်း
စတိုးဆိုင်တစ်လျှောက်တွင် သန့်ရှင်းမှု၏အမြင့်ဆုံးစံနှုန်းများ နှင့် ခေတ်မီစျေးဝယ်နိုင်သော ၀န်းကျင်ကို ထာဝစဉ် ထိန်းသိမ်းရန် နိုင်ရန် ရည်ရွယ်လျက်ရှိပါသည်။ - ဝန်ဆောင်မှု
MEDiCARE သည် စျေးဝယ်သူများ လည်ပတ်ဝယ်ယူမှုတိုင်းတွင် ဖော်ရွေပျူငှါသော၊ ဗဟုသုတပြည့်စုံ ပြီး အပြည့်အဝယုံကြည်နိုင်သော ၀န်ထမ်းများမှ တသမတ်တည်းကောင်းမွန်သော ဝန်ဆောင်မှုများပေးရန် အလွန်စိတ်အားထက်သန်လျက်ရှိပါသည်။
- ပစ္စည်းအတုအပလုံးဝ မရှိခြင်း
ရံဖန်ရံခါတွင် စျေးဝယ်သူများ၏ မျှော်လင့်ထားသည့် စံနှုန်းများနှင့် မကိုက်ညီမှု များ တွေ့ရှိရပါစျေးဝယ်သူများအနေဖြင့် အဆင်မပြေဖြစ်မှုများအတွက် မိမိတို့၏ အထင်အမြင်များကို MEDiCARE သို့ ပြန်လည်အသိပေးခြင်းကို ကြိုဆိုလျက်ရှိပါသည်။